စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ admin

လျှို့ဝှက်တံခါး

ယုံကြည်သူတစ်ဦး၏ ထူးခြားသည့် ၀ိသေသရှိသူအဖြစ် အသိအမှတ်ပြုခံရမည့် ကောလိပ်အား စကား နည်းပြတစ်ဦးသည် စည်းမျဉ်းချိုးဖောက်ကြောင်း အားကစားအဖွဲ့ချုပ်မှ အထင်အရှားတွေ့ရှိခဲ့၍ အရှက်ကွဲကာ ရာထူးမှနှုတ်ထွက်ခဲ့ရသည်။ မဂ္ဂဇင်းတစ်စောင်မှ “သူ့ရဲ့သမာဓိသိက္ခာဟာ ကောလိပ်ဘောလုံး လောကရဲ့ ဒဏ္ဍာရီတွေထဲကတစ်ခုပါပဲ” ဟု မှတ်ချက်ချခဲ့သည်။ အားကစားလောက၌ ဤအဖြစ်က ပထမ ဆုံးမဟုတ်သလို သေချာသည်မှာ နောက်ဆုံးလည်းဖြစ်မည်မဟုတ်ပါ။ သို့သော် ၄င်းကို ထပ်မံထုတ်ဖော် ခြင်းက အလားတူ ရှက်ဖွယ်အမှား မပြုမိအောင် ကျွန်ုပ်တို့ကို တားကောင်းတားမည်။
ထိုနည်းပြအတွက် အမှန်ပင် ရှက်စရာကောင်းခဲ့ပါ၏။ သို့ရာတွင် ထိုကဲ့သို့သော အဖြစ်အပျက်သည် မည့်သူ၌မဆိုဖြစ်လာနိုင်ကြောင်း အလေးနက်ထားဆင်ခြင်အပ်သည်။ အသက်တာ၌ ထိမ်ချန်လျှို့ဝှက်ခြင်း တံခါးကို ကျော်ပြီး ဘုရားသခင် ဂုဏ်သရေညှိုးနွမ်းမည့် အပြုအမူများပြုရန်သွေးဆောင် စုံစမ်းခြင်းက ကျွန်ုပ် တို့ကို အမြဲပင် ခြောက်လှန့်လျက်ရှိသည်။ ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏ ကိုယ်ပိုင် ဂုဏ်သိက္ခာသမာဓိကို ယုံတမ်းစကား ဒဏ္ဍရီပမာသို့၊…

ကောင်းစွာပြင်ဆင်ထား

အမြဲတစေ ကောင်းစွာပြင်ဆင်ထားရန်ဟူသော ခံယူချက်ဖြင့် အသက်ရှင်ရင်းကျွန်မငယ်စဉ်က အိမ်နီးချင်းတစ်ဦးကို သတိရမိသည်။ ထိုအိမ်နီးချင်းဖြစ်သူ Mr Nienhuis သည် အိမ်ပြန်လာတိုင်း အမြဲပင် သူ့ကားကို ဂိုဒေါင်ထဲသို့ နောက်ပြန်မောင်းသွင်းလေ့ရှိရာ၊ ၄င်းက ကျွန်မတွက် အထူးအဆန်းဖြစ်နေသည်။ သူသည် မီးသတ်ဌာနမှ စေတနာ့ဝန်ထမ်းဖြစ်ကြောင်း အမေရှင်းပြမှ ကျွန်မနားလည်သွားသည်။ အရေးပေါ် ဖုန်းလာပါက မီးသတ်ဌာနသို့ အပြေးသွားရန် သူအသင့်ရှိနေရသည်။ ကားကို နောက်ပြန်ဘက်ဆုတ်ထား ခြင်းဖြင့် သတင်းပို့ရန် ကိစ္စပေါ်လာလျှင် အမြန်ထွက်ခွာနိုင်သည်။
လူ့ဘ၀တွင်လည်း ကောင်းစွာပြင်ဆင်ထားရန် အရေးကြီးပါသည်။ အာဗြဟံလင်ကွန်းက “သစ်တစ် ပင်ခုတ်လှဲရန် ရှစ်နာရီကြာမည်ဆိုပါက ပုဆိန်ကို ခြောက်နာရီသွေးရမည်” ဟုဆိုခဲ့သည်။ ကျွန်ုပ်တို့သည် ကျောင်းတက်စာသင်ကာ အလုပ်ကောင်းရရန် ပြင်ဆင်ကြသည်။ ယာဉ်တိုက်မှု အာမခံ၊ မီးအာမခံများ ၀ယ် ထားတတ်ကြသည်။ ကျွန်ုပ်တို့ ချစ်ခင်ရသူများကို ထောက်ပံ့ပေးရန် သေတမ်းစာရေးထားပြီး ဘ၀နေ၀င်ချိန် ကိုပင် ပြင်ဆင်ထားကြ၏။…

ကျွန်ုပ်တို့ဘာကြောင့်အလုပ်လုပ်

၁၆၆၀ နှောင်းပိုင်း၌ ဆာ ခရစ္စတိုဖာရန်းအား လန်ဒန်မြို့ရှိ စိန့်ပေါလ် ဘုရားကျောင်းတော်ကြီးကို ပြန်လည်ဒီဇိုင်းဆွဲရန် တာဝန်အပ်နှံသည်။ ဒဏ္ဍာရီစကားများအရ တစ်ရက်တွင်သူက ရုပ်ဖျက်ပြီး ဆောက် လုပ်ရေး လုပ်ငန်းခွင်ထဲ သွားရောက်ကြည့်ရှုရင်း လုပ်သားများအား ဘာလုပ်နေတာသလဲပေးသည်။ လုပ် သားတစ်ဦးက “ကျောက်တုံးကို ထုခွဲနေတာလေ” ဟုဖြေသည်။ ဒုတိယလုပ်သားက “တစ်ရက်လုပ်ခ ၅ ရှီလင်နဲ့ ၂ ပဲရဖို့အတွက်ကို လုပ်နေတာဗျာ” ဟုဖြေသည်။ တတိယလုပ်သား၏ အဖြေမှာမူ တစ်မူထူးသော အမြင့်ဖြင့် “ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့၊ ခမ်းနားတဲ့ဘုရားကျောင်းကြီးကို တည်ဆောက်တဲ့ ခရစ္စတိုဖာ ရန်းကို ကူညီနေတာပါ” ဟုဖြေသည်။ ဤလုပ်သား ၃ ဦး၏ သဘောထားနှင့်၎င်းတို့ကို နိုးဆော်စေ့ဆော် သည့် တွန်းအားက အလွန်ခြားနားသည်။
မိမိလုပ်နေသည့်အလုပ်ကို ဘာ့ကြောင့် လုပ်ရသည့် အကြောင်းရင်းက အလွန်အရေးကြီးပါသည်။ ထို့ကြောင့် လုပ်ရသည့် အကြောင်းရင်းက သူတို့လုပ်ဆောင်သည့် အလုပ်နှင့်ပတ်သက်ပြီး…

အပြန်အလှန်ဆက်သွယ်ရေး

မိမိအကြောင်းကိုသာ ပြောတတ်သူ တစ်ဦးဦးနှင့် သင်စကားပြောဖူးပါသလား။ ယဉ်ကျေးမှုအရ သင်က မေးခွန်းများ ဆက်မေးရင်း စကားစမြည်ဆက်ပြောသည် မဟုတ်လား။ သူကတော့ သူ့အကြောင်း ကိုသာ မပြတ်ပြောရင်း သင့်ကိုလည်း ဘာမှမမေး၊ သင့်အကြောင်းကိစ္စများ တစ်ခွန်းတစ်ပါဒမျှ မပြောပါ။
ကျွန်ုပ်တို့ ကိုးကွယ်ဝတ်ပြုလျက်ဆုတောင်းချိန်တို့တွင် ကောင်းကင်ဘုံရှင် ဘုရားသခင်က အထက် ပါကဲ့သို့ခံစားရမည်ကို တွေးကြည့်ပါ။ ဘုရားသခင်၏ နှုတ်တော်ထွက်ကျမ်းပိုဒ်အချို့ကို ဖတ်ပြီး၊ မိမိ၏ လိုအပ်မှုများကိုသာ တောင်းလျှောက် တောင်းဆိုဆုတောင်းသည်။ ပြဿနာကို ဖြေရှင်းပေးရန် ကျမ်းစာမှ သွန်သင်မှုများကို ဆုတောင်းချက်ထဲတွင် ပါမလာတတ်ပါ။ ကျမ်းစာအားဖြင့် ဘုရားသခင် ကျွန်ုပ်တို့ကို ပြောသည့် စကားတော်များ အသိအမှတ်ပြု မခံရပြီ။
ဆာလံ ၁၁၉ ရေးသူကမူ ထိုသို့မဟုတ်။ ကျမ်းစာအားဖြင့် ပြောသော ဘုရားသခင်၏ စကားကို နားလည်အောင် သူရှာဖွေသည်။“ … တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း၊…

တစ်မူထူးသောဓမ္မတေးသံစုံကျူး

၂၀၁၀ ခုနှစ်ဇူလိုင်လ၌ မစ်ခ်ျမေလာကွယ်လွန်သွားရာ၊ သူနှင့်အတူသီချင်းဆိုရန် ဖိတ်ခေါ်တတ်သူ အဖြစ် သူ့ကိုအောက်မေ့သတိရကြသည်။ ၁၉၆၀ ၀န်းကျင်ခန့်က ခေတ်စားခဲ့သည့် “မစ်ခ်ျနှင့်အတူသီချင်း ဆို” ရုပ်သံအစီအစဉ်တွင် အမျိုးသားအဆိုတော်များက ကျော်ကြားသောတေးသီချင်းများကို သီဆိုကြပြီး စာ တန်းထိုးပေးသဖြင့် တီဗွီပရိသတ်များက အတူလိုက်ဆိုနိုင်သည်။ အဲလ်အေတိုင်းမ်သတင်းစာ၏ နာရေးကဏ္ဍတွင် မစ်ခ်ျ၏ နာရေါ်သတင်းနှင့်အတူ သူ၏ ယုံကြည်ချက်ကို ဖော်ပြခဲ့သည်။ ”ဒီအစီအစဉ် အောင်မြင်ရတဲ့ အကြောင်းအရင်းတစ်ခုကတော့ သီချင်းဆိုမယ့်သူတွေကို ငှားတဲ့အခါ ကျွန်တော်က အရပ် ရှည်သူ၊ ပုသူ၊ ထိပ်ပြောင်သူ၊ ၀သူ ဘယ်လိုဖြစ်ဖြစ် နေ့စည် ကျွန်တော်တို့မြင်နေကျ လူတွေကို ငှားတယ်။ ဒီလို လူအမျိုးမျိုးထဲက ညီညွတ်လှပတဲ့သံစဉ်များ မွေးဖွားလာပြီး လူတိုင်းပါဝင်လိုက်ဆိုနိုင်တယ်” ဟု သူပြောခဲ့ဖူးသည်။
ရောမသြ၀ါဒစာ ၁၅း၆ တွင် ရှင်ပေါလုက “ယေရှု၏ အလိုတော်အတိုင်း အချင်းချင်း စိတ်တညီ တညွတ်တည်းရှိကြမည်အကြောင်း၊ သည်းခံခြင်း၊…

တစ်ကျော့ပြန် ပြောင်းလဲခြင်း

ဘီလ်သည် ကျွန်တော်ကျမ်းစာကျောင်းတက်စဉ်က သိရှိခဲ့သည့် သူငယ်ချင်းတစ်ဦး ဖြစ် သည်။ သူသည် မကောင်းမှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သောဘ၀မှ ခရစ်တော်ထံ ပြောင်း လဲလာသူဖြစ်ပြီး၊ သူ့အကြောင်းကို ဤသို့ပြောပြပါသည်။ “သူများမိန်းမကို ဘေးမှာထားပြီး ဘရန်ဒီအရက်သောက်လို့ လမ်းမတစ်လျှောက် ကားမောင်းလာတယ်။ လမ်းသွားလမ်းလာတွေကို ခရစ်တော်အကြောင်း သက်သေခံနေတဲ့ ခရစ်ယာန်တစ်ချို့ကိုတွေ့တော့ သူတို့အနား ကားမောင်း သွားပြီး`အရူးတွေ´လို့အော်ခဲ့တယ်။ ဒါပေမယ့် နောက်သီတင်းပတ် အနည်းငယ်ကြာပြီးနောက် ဘုရားကျောင်းထဲမှာ ဒူးထောက်ပြီး သခင်ခရစ်တော်ကို ကယ်တင်ပိုင်ရှင် သခင်အဖြစ် ခေါ်ဖိတ် လက်ခံနေတဲ့ ကိုယ့်အဖြစ်ကိုတွေ့လိုက်ရတယ်။” အသက်ရှင်မှု ပုံစံဟောင်းကို စွန့်ပစ်ပြီး ခရစ်တော်၌ အသစ်သော အသက်တာကို ကြုံတွေ့ခံစားခဲ့ရပြီး၊ ဘီလ်၏ ပြောင်းလဲခြင်း ထွက်ပေါ် လာသည်။ ၎င်းသည် အသက်တာ ပြောင်းလဲ တစ်ကျော့ပြန်ခြင်း ဖြစ်သည်။
သန့်ရှင်းသော ၀ိညာဉ်တော်တို့ထိပြီး အစပြုသော စစ်မှန်သောနောင်တ၌ အမှန်ပြောင်းလဲ ခြင်းပါဝင်သည်။…

ရွှေကျင်ခြင်း

အလာစကားသို့ အပန်းဖြေခရီးထွက်စဉ်က၊ အယ်ဒိုရာဒို ရွှေတွင်းသို့ သွားရောက်လည် ပတ်ခဲ့သည်။ ရှေးခေတ် လူတို့ ရွှေရှာစဉ်က ရွှေကျင်ပုံကျင်နည်း သရုပ်ပြမှုများကို ကြည့်ရှုပြီးနောက် ကျွန်မတို့ လက်တွေ့ရွှေကျင်ကြသည်။ လူတိုင်းကို ဒယ်ပြားတစ်ခု၊ သဲနှင့်ကျောက်တုံးများပါသော အိတ်တစ်လုံးစီပေးသည်။ သဲနှင့် ကျောက်တုံးများကို ဒယ်အိုးပြားထဲ လောင်းချပြီး ရေလောင်း ထည့်က ဒယ်ပြားကို စက်ဝိုင်းပုံလှည့်ပေးရသည်။ ရွံ့နှင့်သဲများအပေါ်သို့ ကြွလာပြီး အချိန်စီးသော ရွှေများ အနယ်ထိုင်သွားစေရန်ဖြစ်သည်။ ကျွမ်းကျင်သူများကို ကြည့်ပြီး လိုက်လုပ်သော်လည်း မရပါ။ အဘယ်ကြောင့်ဆိုသော် တန်ဖိုးရှိသည့်အရာကိုလွှင့်ပစ်မိမည်ကို စိုးရိမ်ပြီး တန်ဖိုးမရှိသည့် ကျောက်ခဲသဲများကို လွှင့်ပစ်ရန် တုံ့ဆိုင်းနေခြင်းကြောင့်ပါ။
အမှန်တကယ်တန်ဖိုးရှိသောအရာကို ရှာမတွေ့နိုင်အောင် လက်ဝယ်ရှိသောအရာများက ဟန့်တားကြောင်း ဤအမှုက သတိပေးနေ၏။ ဤအဖြစ်နှင့်ကိုက်ညီနေသော သူဌေးလေးတစ်ဦးကို ယေရှုတွေ့ကြုံခဲ့ရသည်။ သူ၏လောကီစည်းစိမ်များက ၀ိညာဉ်ရေးရတနာထက်ပင် အရေးကြီးနေ သည်(လု ၁၈း၃၀)။ “ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။” ဟုယေရှုရှင်…

သင်တို့ ပြည့်စုံသည် တိုင်အောင်

စင်္ကာပူတွင် နေထိုင်သောမိတ်ဆွေတစ်ဦးက ရှေးယခင် တရုတ်လူမျိုးတို့ နှုတ်ခွန်းဆက်ပုံ ကို ပြောပြရာ၊ `နေကောင်းလား´ဟု နှုတ်ဆက်ခြင်းထက် `ဗိုက်ကားနေအောင် ထမင်းစားပြီးပြီး လား´ ဟု နှုတ်ဆက်ကြသည်။ အစာရေစာရှားပါချိန်၊ နောက်ထပ်ထမင်းတစ်နပ်ကို မည်သို့စား သောက်ရမည်ကို မသိဖြစ်နေချိန်တွင် ဤနှုတ်ဆက်စကား စတင်ပေါ်ပေါက်လာခြင်း ဖြစ်မည်။ အစားအသောက်ရှိချိန်၌ ဗိုက်ဝအောင် စားထားရန် အကြံပေးချက်က ကောင်းပါသည်။
မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် လူ ၅၀၀၀ ကို အံ့ဩဖွယ် သခင်ယေရှုက ကျွေးမွေးပြီး နောက်(ယော၆း၁-၁၃)၊ သခင့်နောက်လိုက်သော လူထုကြီး၏ လိုချင်တပ်မက်စိတ်များလာသည် (း၂၄-၂၆)။ ပျက်စီးတတ်သော ကာယအစာအတွက် အလုပ်လုပ်ရန်မဟုတ်ပါ။ “လူသားသည် သင် တို့အားပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှါ ကြိုးစားကြလော့။.... ငါသည် အသက်မုန့်ဖြစ်၏။ ငါထံသို့လာသော သူသည် နောက်တဖန် အဆာအမွတ်မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေမငတ်ရ”(း၂၇၊၃၅)…

ဝမ်းမြောက်စွာဖြင့် အကောင်းဆုံး အစေခံပါ

လွန်ခဲ့သော ၉ နှစ် ဤနေ့၌ မိတ်ဆွေကောင်းတစ်ဦးသည် နေ့လည်ခင်းလေ့ကျင့်ခန်း ယူရန် ထွက်သွားပြီးနောက် ပြန်မလာတော့ပါ။ Our Daily Bread (နေ့စဉ်ခွန်အားစာစောင်)၏ အယ်ဒီတာ ချုပ်ဖြစ်သူ ကတ်ဒီ ဟန်းသည် ထိုနေ့၌ နှလုံးရောဂါဖောက်ကာ ကွယ်လွန်သွားသည်။ သူနှင့်အတူ အလုပ်တွဲလုပ်ခဲ့ဖူးသော ကျွန်တော်တို့မှာ သူနှင့်ပတ်သက်သော အမှတ်တရများကို ရုံးခန်းတွင် ထားရှိဆဲပါ။
ကျွန်တော့်ရုံးခန်းနံရံပေါ်၌ ကတ်ထံမှ နောက်ဆုံးရရှိသော မှတ်စုတိုလေးကို ရေး၍ ကပ် ထားသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှန်ကန်စွာ၊ ကောင်းမွန်စွာ ဖော်ပြနိုင်အောင် ကြိုးပမ်းရသည့် စာတည်းတစ်ဦး၏စေ့စပ်မှုကို ၎င်းကအမှတ်ရစေသည်။ အခြားသောလုပ်ဖော် ဆောင်ဖက်တဦးကလည်း သူမကို ကတ် နောက်ဆုံးရေးပေးသည့် စာရွက်ခေါက်လေးကို ကပ်ထား သည်။ ကတ် သည် ဘ၀ကိုအားရရွှင်လန်းစွာ ခံစားဝမ်းမြောက်ကြောင်း အမှတ်ရစေသည်။
ကတ်အကြောင်းပြန်ပြောဖြစ်တိုင်း၊ သူ့ကို သတိရကြောင်း ပြောတိုင်း၊ကောင်းသည့်ကိစ္စကို သူရှာဖွေလုပ်တတ်သည့်အကြောင်း၊ သူ၏နှစ်လိုဖွယ်…

ပုံမှန်ဘ၀သစ် အစပြုခြင်း

စိတ်ဒဏ်ရာရသူများ၊ ကြေကွဲဝမ်းနည်းခြင်းများ၌ စောင်မလမ်းပြသူ သင်းအုပ်တစ်ဦးက နာကျင်ခံစားသူများ၏ အကြီးဆုံးအခက်အခဲမှာ လတ်တလောဆုံးရှုံးမှုအတွက် စိတ်ကြေကွဲရခြင်း မဟုတ်ဟု သုံးသပ်ခဲ့သည်။ ရှေ့ဆက်ရမည့် ယခင်ကနှင့်မတူတော့သည့်ဘ၀ကို လိုက်လျောညီ ထွေအောင်နေထိုင်ရခြင်းက ၎င်းတို့အတွက် အကြီးဆုံးပြဿနာဖြစ်သည်။ တစ်ချိန်က ပုံမှန်ဖြစ် အသားကျနေမှုမျိုးကို ဘယ်တော့မှ ပြန်မရနိုင်ပြီ။ သို့ဖြစ်၍ ကူညီမစသူများအနေဖြင့် ကြေကွဲ နာကျင်သူများ “ပုံမှန်ဘ၀သစ်စတင်” နိုင်အောင် ကြိုးစားရာ၌ ကူညီရန်ဖြစ်သည်။ ပုံမှန်ဘ၀သစ်၌ ကျန်းမာရေး၊ အဖိုးတန်ပေါင်းသင်းဆက်ဆံရေး၊ အလုပ်အကိုင်ကောင်းကောင်းတို့ ပါရှိချင်မှ ပါရှိ တော့မည်။ ချစ်ရသူ ဆုံးပါသွား၍ သူမရှိတော့သည့် ဘ၀ကို နေထိုင်ရခြင်း ဖြစ်ကောင်းဖြစ်မည်။ ထိုသို့သော် ကြီးလေးသည့်ဆုံးရှုံးမှုများက မိမိမကြိုဆို မလိုချင်သောဘ၀ ဖြစ်လင့်ကစား ယခင်နှင့် မတူတော့သည့် ဘ၀ကို ရှင်သန်ရန် ဖိအားပေးနေတော့၏။
“ပုံမှန်ဘ၀သစ်အစပြုရန်” ကျွန်ုပ်တို့ကြုံလာရစဉ် မိမိခံစားရသမျှကို မည်သူမျှ နားမလည် ဟု အလွယ်တကူပင်တွေးမိသည်။ သို့သော်…